ကျနော့် တဝက် ၂၆ နှစ်ပြည့်ပြီ

သူဟာကျနော်ရဲ့ကိုယ်အလေးချိန်ထက် တဝက်သာရှိတယ်။ အရင်ကလည်း ပိန်ပိန် အခုလည်း ပိန်ပိန်။ ပိန်ပိန်သော်ငြား အရိုးကအား ရှိတယ်ဆိုရမလား မသိ။ ပင်ပန်းလို့ ငြီးငူသံ ကြားရခဲ လှတယ်။သူရဲ့ နှစ်ဆ ဝ သော ကျနော်ဆီမှသာ ငြီးသံ ငူသံကြားရတယ်။ ကျနော် ဆေးရုံ တက်နေချိန် ၂ လကာလမှာ သူအတော်ပင်ပန်းလှတယ်။ နံနက်ဆို နံနက်စာ လာပို့ပြီး ရုံးသွား ညနေကြတော့ ညစာဝယ်ပြီးသူအိမ်ကို ပြန်တယ်။ အိမ် နဲ့ ရုံး ကြား ဆေးရုံထားပြီး ကျနော့်အတွက် မအားမလပ်တဲ့ကြားကစောင့်ရှောက်ခဲ့တယ်။ ပိန်ပါးတဲ့ခန္ဓာကိုယ်က ဘယ်ကဘယ်လို အားတွေ ရလာသလဲ မသိ။ ကျနော်ကို နဘန်ကျင်းလိုက် ရိုက်လိုက် ထုလိုက်မယ်ဆိုရင်အတော်နာလှတယ် အတော်အားပါတယ်။ ဖျားတာ နာတာ ရှားတယ်။ အပူအစပ်ကြိုက်တဲ့ လျာနဲ့…

Rate this:

မုန်းတယ်

အချစ် အမုန်းဆနှုန်းချိန်ရာ ချိန်ခွင်လျှာက အမုန်းဘက်သာ သစ္စာစကား အသဲခါးတယ်။ သကာရည်လူး အဆိပ်ဖူးကို ပန်းဦးထင်မှတ် မချွေတတ်လို. အမြတ်တနိုး ရင်ကျိုးရတယ်။ အမုန်းဟူသမျှ ဒီလောကတွင် အလှပြယ်ပျောက် သစ္စာဖောက်၍ ရင်နှင့်အမျှ ခံစားရတယ်။ ကြော့ဆုံးအသဲ မာယာရှင်ကြောင့် ဆွေးလဲဆွေးတတ် လွမ်းမှတ်မှတ်နှင့် နှလုံးရောဂါ မသက်သာပြီ ဆယ်သက်ဆယ်ကမ္ဘာ မုန်းမည်တည်း။ P.S အရင်မုံရွာမှာနေတုန်းက ရေးထားတာ လေးနှစ်လောက်ကြာပြီ ကောင်းမလေးတစ်ယောက်အတွက်ရေးထားတာ အခု သူနဲ့ အခင်အမင် မပျက် ပဲ သူငယ်ချင်းအဖြစ် ဆက်လက်တည်ရှိဆဲပဲ ကဗျာကို ပြန်ဖတ်ကြည့်တော့ ရီစရာကြီင်္းဖြစ်သွားတယ် ရေးတဲ့ အချိန်တုန်းက တော့ အတော်လေး ခံစားပြီးရေးထားတာ အခုတော့ ဟာသ တစ်ပုဒ်ပါပဲ

Rate this:

Myanmar Search Engine ဟောပြောပွဲကျင်းပမည်

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းမှကြီးမှူး၍ ICT နည်းပညာများကို လိုက်စားကြသော မြန်မာလူငယ်များအတွင်းတွင် သုသေသနပြုခြင်း နှင့် တီထွင် ဖန်တီးခြင်းများပိုမိုတိုးတက်လာစေရန်၊ အကျိုးရှိသော အသုံးဝင်သော ပြည်တွင်းဖြစ် ICT ဆိုင်ရာ tool များ product များပိုမို ပေါ်ထွက်လာစေရန်အတွက် အားပေးကူညီရန်၊ မြန်မာစာကို ICT နယ်ပယ်တွင် ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာနိုင်စေရန် ဟူသော ရည်ရွယ်ချက်များဖြင့် ခြောက်လကာလတာ Project-based Contest တစ်ခုပြုလုပ်ရန်ရှိပါသည်။ Contest ၏အမည်မှာ MCPA Challenge ဖြစ်ပြီး ယှဉ်ပြိုင်ရမည့် အကြောင်းအရာသည် Myanmar Search Engine ဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် MCPA Challenge အကြောင်း ရှင်းလင်းပြောကြားပြီးနောက် Myanmar Search Engine…

Rate this:

မေ့ပင်ကြီး

တခါ က ရွာနှစ်ရွာကြားထဲမှာ မေ့ပင်တပင်ပေါက်နေတယ် ဘယ်အချိန်ကစပေါက်သလဲဘယ်သူမှမသိကြဘူး။ မေ့ပင်ကြီးက အသီးသီးဖို.မေ့နေတယ်။ဒါပေမယ် ရှင်သန်ကြီးထွားဖို.မမေ့ပဲ ရှင်သန်ကြီးထွားလာတယ်။ အနီးနားရွာနှစ်ရွာက လူတွေက မေ့ပင်ကြီးကို ဘာအပင်မှန်းမသိကြဘူး။ တရွာတစ်ရွာက ကောင်မလေးနဲ့ တစ်ဖက်ရွာကချစ်သူနှစ်ယောက်ဟာမေ့ပင်ကြီးအောက်မှာချိန်တွေ့ကြတယ်။ ကောင်လေးက ကောင်မလေးကိုစောင့်နေရင်း ကောင်မလေးကိုသူချစ်သူဆိုတာမေ့သွားတယ်။တခါ ကုန်သည်တွေကရွာနှစ်ရွာဆီ ကုန်ရောင်းဖို.လာကြရာ မေ့ပင်ကြီးအောက်မှာ နားနေကြပြီး သူတို.ကုန်ပစ္စည်းတွေကိုဘယ်လို.အမြတ်ထုတ်ရမလဲဆိုတာမေ့သွားတယ်။ ပြီတော့ကုန်ပစ္စည်းတွေကိုရွာနှစ်ရွာက လူတွေကိုအလကားပေးလိုက်ကြတယ်။ နောက်တခါ ဓမြတွေကရွာနှစ်ရွာကို ဒမြတိုက်ဖို. မေ့ပင်ကြီးအောက်မှာ အစီအစဉ်ဆွဲ ကြတယ် ဒါပေမယ့် သူတို.ရဲ့ လက်နက်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာမေ့သွားတယ်။လက်နက် တွေကိုစွန်ပစ်ခဲ့ပြီး နေရပ်ကို ပြန်သွားကြတယ်။ ကျနော်လည်းမေ့ပင်ကြီဆီသွားချင်ပါတယ် အရာရာကိုမေ့ပစ်ချင်လို.မေ့ပင်ကြီးတည်ရှိရာကို မေ့ပင်ကြီးအောက်ရောက် ဖူးတဲ့သူတွေမေးကြည်ပါတယ်။ သူတို.လည်း မေံ့ ပင်ကြီး တည်ရှိရာကို မေ့နေကြ တယ်။ ခင်ဗျာတို.လည်းမေ့ပင်ကြီးရှိရာနေရာကို သိရင်ပြေဲာပပါနော်။ p.s:စတိုင်သစ်လား စပယ်ဖြူလားမမျတ်မိတော့ပါ ဘယ်သူရေးလည်းမမှတ်မိတောပါ့။ ဒီအက်ဆေးလေးကို…

Rate this:

နတ်မိစ္ဆာရဲ့လောက

ငါအား ပတ်ပတ်လည် ၀ိုင်းထားတဲ့ဘ၀ရဲ. သမုဒ္ဒရာ ထာဝရ လှိုင်းလုံးတွေ ဖြစ်တည်ခြင်း ပင်လယ် မှာပုတ်ခက် ရင်ခုန်အသက်ရူနေသော ရေပြင်ပေါ်မှာ ရှင်သန်နေထိုင်ရင်း လေ့လာ သင်ယူု နောင်မှ သိခဲ့ရ ဘ၀ရဲ. လှပတင့်တယ်မှု တွေအောက် ဖောက်ပြန်ပျက်စီးမှုဟာ နေရာအစုံမှာ မျှော်လင့်ခြင်းတွေ ရင်တလှပ်လှပ် ခုန်နေတဲ့ ဘ၀ရဲ. နောက်ကွယ် ရှောင်မနိုင်တိမ်းမရ တဲ့ စက်ဆုပ် မုန်းတီးဖွယ် သေခြင်း မရဏ ရှိနေတယ် ချမ်းသာလို ချမ်းသာငြားဘ၀ထဲ ၀င်ရှာ ရေအများ ငါးမတွေ့ ဘူး ကောက်ကျစ်ခြင်း စစ်တလင်းသာဖြစ်တဲ့ လောက ဆိုးသွမ်းတဲ့ လောက ဂရုဏာ သက်ဖွယ် ဆင်းရဲဒုက္ခတွေကို ရှင်သန် အောင် ပြုပြင်ပေးတဲ့ လောကကို ဖန်တီးသူသည် ဘုရားသခင် မဟုတ် နတ်မိစ္ဆာသာဖြစ်ရမယ်။

Rate this:

ပါဘလွန်ရဲ.ခွေး

သခင်လာတယ် အစာကျွေးတယ် ကျနော်သရေကျတယ် နောက်သခင် ခေါင်းလောင်းတီးတယ်။ ခေါင်းလောင်းတီးတယ် အစာကျွေးတယ် ကျနော်သရေကျတယ်။ နောက်တောသခင် ခေါင်းလောင်းသာတီး အစားမကျွေးတော့ ဒါပေမယ်ကျနော် သ….ရေ….ကျ…..တယ်။

Rate this:

ကျနော်ငြီးငွေ.တဲ့လောက

ပြောရရင်လည်း ကိုယ်ရင်ကိုယ်ထုသေဖို.ပဲကောင်းတယ် ကိုယ်ကိုကိုယ် အဟုတ်ကြီးမှတ်နေတဲ့ အမျိုးကောင်းသားလေးကျနော်ဟာ သေခြင်းမလာခင်ထိတော့ အရိုးအသားကောင်းပဂတိ။ ငယ်ငယ်ရွယ်ရွယ်ထဲက အိုကြီးအိုမစိတ်နဲ့ နာမကျန်း အခေါင်းတလားထဲ မြော်လင့်ခြင်းတွေ စင်းစင်းသေနေတယ်။ ဘာကိုမှလက်ခံလို.မရ ဘာကိုမှယုံကြည်လို.မရ ဘယ်သူရဲ့လက်ဝေခံမှမဟုတ်ဘူး မင်းတို.ပြောတဲ့ ပုပ်စပ်စပ် လောကထဲက ကလေးကလားအမှန်တရားတွေကို ခေါင်းမာမာဆုပ်ကိုင်ထားရင်း နုံချာချာနေထိုင်နေတဲ့ကျနော်။ ကျနော်ရှေ့မှာ လမ်းပြသူကြယ်အိုကြီးတွေ မြေပြင်ပေါ်ထိုးဆင်းသတ်သေပြရင်း ကျနော်ကိုလှောင်ပြောင်သွားကြပြန်ပြီ်။ အလိုမပြည့်တဲ့ မြင့်မြတ်မှုကြိုးတန်းပေါ် မရှိမဲ့ရှိမဲ့အမှန်တရားလေးကိုကိုင်ဆောင်ရင်း လမ်းလျှောက်ပြနေတာတောင် အတ္တမာနကြီးတဲ့ကောင် ကိုယ်ကိုကိုယ်ဘောင်ခတ်တဲ့ကောာင်လို. ချီးကျုးထောမနာပြုကြလေရဲ့။ ဘ၀ကိုလေ့ကျင့်ရင်း ပြည်ဝလာပေမဲ့ လောကရဲ့သူကောင်းပြုမှုတွေရရှိဖို့ ကိုယ်ထူကိုယ်ထထူထောင်ခွင့် ကောင်းချီးမင်္ဂလာတွေဘယ်ဘုရားမှာပေးမသနားဘူး။ ကျနော်မှာ အမှန်တရားမှန်းမသိတဲ့အမှန်တရားတွေနဲ့ နေထိုင်ရင်း လူတွေကမှန်းတီးလာတယ် ရပါစေရှိစေတော့…………….. တကယ်တော့အမှန်တရားက လူကြိုက်များတဲ့ ပေါ်ပင်တရားမဟုတ်ဘူးဆိုတာ ခင်ဗျားတို.သိထားဖို.လိုတယ်။်

Rate this:

ကျောင်းတော်လွမ်းချင်း

ကျောက္ကာရွှေဂူနီ ဘုရားကိုလ ဖူးမြင်ရစေလို ဘော်ဒါတွေလွမ်းတဲ့စိတ်နဲ. ကြိတ်၍သာငို ကျမျက်ရည်စိုရွှဲ ပျော်ရွှင်စွာဘော်ဒါတွေနဲ. ကဲချင် လှတယ် ကျောင်းဘယ်တော. ဖွင့်မလဲ။ ကျောက္ကာဦး မှာ သောက်ခါအမြဲ မှောက်ကာလဲပြီး လျှောက်ပါဆဲ ကမြင်းကျောထ တဲ့ရက်တွေကို စိတ်ဝယ် သတိရ မန်းတောင်မြေ အရပ်တပါးဆီက တမာမြေတို့ တက္ကသိုလ်ကို မျှော်မိတိုင်းလွမ်းလှတယ်လေး။ ps:မုံရွာ မှာကျောင်းတက် တုန်းက ရေးထားတာ ပါ ကျောင်းပိတ်ရင် ဘော်ဒါတွေလွမ်းလိုလေ မန္တလေး မှာတုန်းက ရေးထားတာ ပထမနှစ် ကျောင်းပိတ်တုန်းက ပေါ့

Rate this: