ကသာအင်းတော်ဒိုင်ယာရီ (22-23/05/2013)

  အောင်းကုန်းရွာ က ဗန်းမောက် – အင်းတော်သွားတဲ့ လမ်းပေါ်မှာရှိတာ။ အမှန်ဆို ဒီကနေ အင်းတော်ကို တဆင့်သွား အင်းတော်က ကြုံရာကားနဲ့ ကသာကို လိုက်ပြီး သွားရမှာ ကံကောင်းချင်တော့ အောင်းကုန်းရွာသူ နီလာအေး(ကတူးစာ/ယဉ်)ကျေးဇူးနဲ့ ကသာကို ဆိုင်ကယ်နဲ့ လိုက်ပို့ပေးတယ်။ အင်းတော်နဲ့ ကသာကြား လမ်းတွေက အတော်ကို ဆိုးနေပြီ မန်း-ရွှေဘို-မြစ်ကြီးနား(စီမံကိန်းလမ်း)က နဘားဘက် ကွေ့တာဆိုတော့ နဘားလမ်းခွဲကနေ ကသာအထိက အတော်ကိုဆိုးတဲ့လမ်း ဖြစ်နေပြီ။ ဒီဘက်က သစ်တောတွေကောင်း ကျွန်းသစ်တွေ ရှယ်ထုတ်နိုင်ပေမဲ့ လမ်းပန်းဆက်သွယ်ရေးကတော့ အခုထိမကောင်းနိုင်သေးဘူး ကသာ ဗန်းမော်တကြောတော့ ကျွန်းတွေကုန်သလောက် ရှိပြီ။ နောက်ဒီဘက်မှာ ကျွန်းဘယ်လောက်တောင်ပေါလဲ ဆိုရင် ထင်းစိုက်ရင် တခါတလေ ကျွန်းကို သုံးသတဲ့ ကြံချက်လုပ်ငန်းတွေမှာ ကျွန်းနဲ့ မီးမွေးသတဲ့ ဒီလိုကြားရတာ…

Rate this:

ကသာအင်းတော်ဒိုင်ယာရီ (22-23/05/2013)

  နံနက်ခင်း ကျောင်းထိုင်ဆရာတော်က သင်တန်းသားတွေကို သြဝါဒပေးပြီး ကျနော် ဆွေးနွေးရမဲ့ အလှည့် ရောက်လာတယ်။ လူတွေက ညတုန်းက မိတ်ဆက်ထားတဲ့ သူတွေကော နောက်မှရောက်လာတဲ့ သူတွေကော။ သင်တန်း ထုံးစံတိုင်း မိတ်ဆက်၊ ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေပြော နောက် အသင်းအဖွဲ့တည်တောင်တာတို့ ယုံကြည်မှု တည်ဆောက်တာတို့ လုပ်ပေါ့။ လုပ်ရင်း လုပ်ရင် သင်တန်းသား တွေကို ပံ့ပိုးကူညီမှု (Facilitation) အကြောင်းလေးတွေပြန်စဉ်းစားဖြစ်တယ်။ အရင်က Facilitation ကို သိပ် နားလည်လှတာ မဟုတ် အခုလည်း သိပ်မသိဘူး ရေးတေးတေးနားလည်ရုံသာ ရှိတာ။ ဒါကလည်း ဆရာသမား တွေ ဖြစ်တဲ့ ဆရာသက်နိုင်၊ ဆရာဘို၊ ဆရာမမိငွေလေး၊ အဂျန်ပရာချာ၊ ကိုသုမောင်၊ ကိုကျော်စိုး၊ ပပတို့ က အကောင်လိုက်ချပြမှ…

Rate this:

ကျနော်လေးစား ဆတော်ကြီးများ ၁

ကျနော်ငယ်ငယ်တည်း ဘုန်းတော်ကြီးတွေဆရာတော်တွေကြား ကြီးလာခဲ့လို့ ရဟန်းတော် သံဃာတော်တွေကို အားကျကြည်ညိုမိတယ်။ အသက်လေးနဲနဲလေး ရပြန်တော့ အရင်ကလောက်တော့ မဟုတ်တော့ဘူး အချို့ အချို့ကို ကြည့်မရ ကြည်ညိုလို့မရဖြစ်ပြန်တယ်။ဒါပေသိ မြန်မာသာသနာ သမိုင်းတလျှောက် ထွန်းပြောင်ခဲ့တဲ့ ပရိယတ်ကြယ်စင်တွေ ပဋိပတ်ကြယ်စင်တွေဝိမုတ္တိကြယ်စင်တွေ ကို ပြန်ပြန် ထမ်းထမိတယ်။ မင်းမျက်နှာမထောက် ဒကာမျက်နှာမထောက် သာသနာ(အဆုံးအမ)မျက်နှာသာထောက်ပြီး လောကတည်ငြိမ်ရေး ငြိမ်းချမ်းရေး တရားမျှတရေး အတွက် ကြံဆောင်ကြမယ့် သံဃာ(အသိုင်းဝိုင်း)များကိုစိတ်ချင်ချင်းတက်၍ ကျနော်လေးစား ဆတော်ကြီးများအကြောင်းကို ကိုယ်လက်လှမ်းမှီရာ စာအုပ်တွေထဲကမှ ပြန်ရိုက်ပြီး ဝေမျှလိုက်ပါတယ်။   အာဒိစ္စဝံသ၊ရှင် (မြန်မာ ၁၂၄၄-၁၃၁၃)         ရှင်အာဒီစ္စမပေါ်ပေါက်မီဗုဒ္ဓသာသနာနှစ်ပေါင်း ၂၅၀၀ အတွင်း သာသနာ အကျိုး၊ လောကအကျိုးကို သယ်ပိုး ဆောင်ရွက်သွားသောပုဂ္ဂိုလ်ကြီးတို့ကား (၁)ပုဂံခေတ် သဒ္ဒနီတိကျမ်းပြု ရှင်အဂ္ဂဝံသ၊ (၂)ပင်းယခေတ် အဘိဓာန်…

Rate this:

သာသနာ့ရေသောက်မြစ်ကြီး အရေး အပိုင်း ၃

  ပရိယတ္တိ သာသနာတော်အကြောင်းရေးရင်းရေးရင်း ဖေဘုတ်က ကွန်မန့်တွေကို ကြည့် ရင်း ရေးရတာ အားရပါတယ်။ အမြင်တွေ ဘယ်လိုပင်ကွဲကွဲ သာသနာတော်ကို ရေရှည်တည်တံစေချင်တာ လူတိုင်းပါပဲ။ ရှုမြင်တာ မတူလို့ အမြင် ယူဆပုံလည်း ကွဲလာကြတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စလေးကို အရေးတယူရှိပြီး ဝေဖန်ပေးကြတော့ ကျေးဇူးတင်ပါတယ်။ အခုအပိုင်းက နောက်ဆုံးပိုင်းပါ စိတ်ယဉ်ကျေးမူပိုင်း ဘာသာရေးကိစ္စမှာ တလွဲ ဆံပင်ကောင်းတာတွေ တတ်သလောက် မှတ်သလောက်ရေး ရေးသွားပါမယ်။ကျနော်ရဲ့ အတ္တမနောဟိ မကင်းတာမို့ အမှားပါရင် ဝေဖန်ပေးကြဖို့ လည်းမျှော်လင့်ပါတယ်။ မောင်ကြီးတစ္ဆောကြောက်တယ် တစ်ခါက ဖတ်ဖူးတဲ့ မြန်မာနိုင်ငံရဲ့ ပတ်သတ်တဲ့ ယဉ်ကျေးမူ မနုဿဗေဒဆိုင်ရာ ကျမ်းတစ်ခုအကြောင်း ဆရာတစ်ယောက်ဆီကနေ ကြားဖူးပါတယ်။ ဒီကျမ်းက ဗြိတိသျှ လူမျိုးတစ်ယောက်ရေးထားတာပါ။ လူမျိုးခြားဆိုပေမဲ့ ပညာရပ်ဆိုင်အမြင်နဲ့ သေသေချာချာ စစ်တမ်းထုတ်ပြီး…

Rate this:

သာသနာ့ရေသောက်မြစ်ကြီး အရေး အပိုင်း ၂

ဒီပိုင်းကတော့ ကိုဝိပြောထားတဲ့ ဒုတိယပြဿနာဖြစ်ပါတယ်။ ဒုတိယပြဿနာက ပရိယတ္တိ သာသနာ့ဝန်ဆောင်သံဃာတော်တွေဟာ နေစရာစားစရာပေးပြီး စာသင်စာချလုပ်နေရပေမဲ့ လူတွေက ဒါကို လူတွေက ပရဟိတလုပ်တယ်လို့ ဘာကြောင့် မထင်ကြတာလဲ မသတ်မှတ်ကြတာလဲ။ ပရိယတ္တိစာသင်စာချကိုယ်တော်တွေ ကို  ပရဟိတလုပ်ငန်းတွေ လုပ်နေတဲ့ သူတွေ လို့ မထင်ဘူးလားဆိုပြီး မေးရင် လူတိုင်းက လုပ်နေပါတယ် ဒါလဲ ပရဟိတလို့ ကိုဝိ ဖေဘုတ်က ကွန်မက်တွေ ကိုကြည်ပြီး သိနိုင်တယ်။ ဒါကြောင့် ဒါဟာ ဝေါဟာရ ပြဿနာမဟုတ်ပါ။ လူတိုင်းက မေးရင် ပရဟိတ ပါပဲလို ထင်ပေမဲ့ စိတ်ယဉ်ကျေးမှု အရ လက်တွေလူမူဘ၀အရ ပရဟိတ ကို ပရိယတ္တိသာသနာဝန်ဆောင်ကိုယ်တော်တွေ လုပ်နေပါတယ်လို့မျထင်ကြတာ အသေအချာပါပဲ။ ပရိယတ္တိလုပ်ငန်းတွေမှာ ပရဟိတ သဘောပါဝင်ပြီးသားပါ သံဃာတော်တွေ ကိုရင်တွေ ကို…

Rate this:

လူမျိုးကြီးဝါဒ မြန်မာပြည်

အခြေခံဥပဒေ ရေးဆွဲပြီးကာစ ကျွန်တော်တို့ လူငယ်တစ်သိုက် ၂၀၀၈ အခြေခံ ဥပဒေကိုဘာများ ပါမလဲ သဲကြီးမဲကြီး လေ့လာနေတဲ့ ကာလဖြစ်သည်။ လေ့လာနေရင် အခွင့်အရေးတစ်ခု ပေါ်လာသည် CE Civil Education Multiplier သင်တန်း တတ်ခွင့်ရလိုက်သည်။ Multiplier ဆိုတာ အမြင့်ဖွင့် အခြေခံအဆင့်လောက်လည်းမဟုတ် ဆရာဖြစ် သင်တန်း ToT လို့လည်း မမြင် ဒီနှစ်ခုကြားက အမျိုးအစားဖြစ်သည်။ သင်တန်းတတ်သူများ က ဗမာမဟုတ်သည့် တိုင်းရင်းသား များသည်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူငယ်ကွန်ရက် က ကျွန်တော်ရယ် ပပ ရယ် တတ်ခွင့် ရသည်။ ပပ ကလည်း မွန်ဗမာ ကျွန်တော်တစ်ယောက်သာ ဗမာပါသည်။ နောက် သင်တန်းမှာ ကိစ္စတစ်ခု အပြန်အလှန် ဆွေးနွေးစရာတစ်ခု…

Rate this:

ဒါမြန်မာကွ

တနေ.သောအခါ နိုင်ငံတကာပညာရှင်များ အစည်းအဝေးတွင် အင်္ဂလိပ်လူမျိုး သမိုင်းပညာရှင်ကမြန်မာနိုင်ငံ၏ပုဂံအကြောင်းစာထမ်းဖတ်ကြား သွားသည်။အမေရိကန် မနုဿဗေဒပညာရှင်ကလည်းပုံတောင် ပုံညာ ပရိုင်းမတ်များအကြောင်း ပြောသွားသည်။ ဂျာမန် ဘောဂဗေဒပညာရှင်က မြန်မာစီပွားရေးကြောင်း ပြောသွားသည်။ ပြင်သစ် ပန်ချီပညာရှင်က မြန်မာရှေးပန်းချီကြောင်းပြောသွားသည်။ မြန်မာ ပညာရှင် က ထ၍ ထိုသူများကို လက်ဆွဲ နှုတ်ဆက်ကာ ကျေးဇူးဥပကာရတင်ရှိကြောင်းပြောသွားသည် မြန်မာရေ သိတယ်မလား 🙂

Rate this: