ဖုန်း…ဖုန်း…ဖုန်း…တယ်လီဖုန်း

တယ်လီဖုန်းဆိုတဲ့ အရာကို အလက်ဇန်းဒါး ဂရေဟမ်ဘဲလ် ဆိုတဲ့သူက စပြီးတီတွင်ခဲ့တယ်။ သူရဲ့နောက်ပိုင်း အခုခေတ်အထိ ဖုန်းကို အမျိုးမျိုးတီထွင် ပြောင်းလဲတိုးတက် လာလိုက်တာ အခုဆို ဖုန်းကနေပြီး အသံတင်မဟုတ် အနံ့တောင် ပို့လွတ်လို့ ရနေပြီဆိုပဲ။ ကျွန်တော့် အနေနဲ့တော့ ဖုန်းဆိုတာကို စစချင်းသိဖူးတာက ငါးနှစ်သားလောက်မှာ အဖေက ပြည်ပရောက်နေတော့ အဖေကို ဆက်သွယ်ဖို့၊ စကားပြောဖို့ ဘေးအိမ် ငါးအိမ်၊ ခြောက်အိမ် ကျော်လောက်မှာ အခပေးပြီး ဖုန်းဆက်ရတယ်။ အမြဲတမ်းလည်း မဆက်နိုင်ဘူး။ တစ်လမှ တစ်ခါလောက် ဆက်နိုင်တာ။ ကျွန်တော်က ငယ်သေးတော့ ဘယ်ကို ဘယ်လိုခေါ်ရတယ်၊ ဖုန်းနံပါတ် ဘယ်လို နှိပ်ရတယ်ဆိုတာ မသိဘူး။ အဖေ့ဆီ ဖုန်းဆက်တဲ့အခါ အဲဒီဖုန်းပိုင်တဲ့အိမ်က အမေ့ကိုတောင် ဖုန်းနံပါတ် နှိပ်ခွင့်မပေးဘူး။ ဆက်သွယ်မယ့် ဖုန်းနံပါတ်ကိုပြပြီး…

Rate this:

လက်ထပ်ဖို့ ရန် ဘာတွေလို (ပုံပြင်) :P

ဟိုးရှေးရှေးတုန်းက ချာရာဏသီပြည်ကြီးမှာ ချာကလာရွှေပြည် ဆိုတဲ့ ရွာကြီးတစ်ရွာရှိသတဲ့။ ဒီရွာကြီးက အခြားရွာတွေနဲ့ မတူတဲ့ အချက်တွေ အများကြီးရှိတယ်။ အဲဒီထဲက တစ်ချက်ကတော့ မင်္ဂလာဆောင် (ယောကျာင်္း ယူ၊မိန်းမယူ)ရင် ကန့်သတ်ချက်တွေ အတော်များသတဲ့။ လက်ထက်ဖို့ အတွက် ထောက်ခံချက်တွေ စာရွက်စာတမ်းတွေ အထောက်အထားတွေ အတော်ပြည်စုံမှ ယူလို့ရသတဲ့။ ဒီလို အထောက်အထားတွေ ပါရမယ်ဆိုတဲ့ ထုံးစံက ဟိုးအရင် ဘိုးစဉ်ဘောင်ဆက် မရှိခဲ့ပေမယ့် ချာကလာရွှေပြည်ကို မကြာသေးခင်က ဒေသစာရီကြွချီတော်မှုလာတဲ့ သူတော်စင်ပုဂ္ဂိုလ်ကြီးရဲ့ ဘုတ်အုပ်ကျမ်းတော်ကြီး အလိုအရ ဒီထုံးစံပေါ်လာရပေါ့ကွယ်။ ဒီကျမ်းစာထဲမှာ ဒီလို ထုံးစံတွေ စည်းမျဉ်းတွေ ကို ရေးမှတ်ထားသတဲ့။ ဒီကျမ်းစာထဲက ရေးမှတ်ထားတဲ့ အကြောင်းအရာတွေက ရှေးဟောင်း အက္ခရာတွေနဲ့ ရေးမှတ်ထားတာ မို့ ရွာသားတွေက မဖတ်တတ်ကြဘူး။ ဒီကျမ်းစာကို ဖတ်နိုင်တာကတော့…

Rate this:

ဖေ့ဘုတ်မောင်မောင်

ဒေါက်တာမောင်မောင်၊ စနေမောင်မောင်၊ ရာဟုမောင်မောင်၊ ကာတွန်းမောင်မောင်တို့ စသဖြင့် မြန်မာပြည်တွင် မောင်မောင် များစွာရှိသည်။ အခု ကျွန်တော်ပြောပြမည့် မောင်မောင်ကား ဖေ့ဘုတ်မောင်မောင် ဖြစ်လေသည်။ ဖေဘုတ်မောင်မောင် အင်တာနက် မသုံးခင်က နာမည်မှာ မောင်မောင် ပင်ဖြစ်သည်။သို့သော် အင်တာနက် စသုံးတတ်ပြီးနောက်ပိုင်း ချက်မောင်မောင် ဂျီတော့မောင်မောင် စသဖြင့်ခေါ်ကြသည်။ အခုတော့ ချက်မောင်မောင် ဂျီတော့ မောင်မောင်မဟုတ်တော့ ပိုအဆင်မြင့်လာပြီး တော်လှန်ရေးသမားမျိုးချစ် ဖေဘုတ်မောင်မောင် ဖြစ်လာပြီ။ မောင်မောင်သည် ၁၀ တန်းကျကာ ဘာလုပ်ရမှန်းမသိ လက်ယားလက်ယား ဖြစ်နေချိန် အကိုတစ်ဝမ်းကွဲ မောင်မောင် ပျက်စီးမည်စိုးသောကြောင့် သူဖွင့်ထားသော အင်တာနက်ဆိုင်တွင် ဆိုင်စောင့် ရန် တာဝန် ပေးသည်။ ဒီအချိန်မှစ၍ မောင်မောင် အင်တာနက်ကို စတင်သုံးတတ်လာလေသည်။ မောင်မောင်က ၁၀ တန်း မအောင်သော်လည်း…

Rate this:

နင့် လား ဟဲ့ ဟမ်ဘာဂါ

အနုပညာမြတ်နိုးသူ လူငယ်တစ်သိုက် ပန်းချီပြပွဲနဲ့ ကဗျာရွတ်ပွဲ ရှိရာဆီသွားခဲ့ကြသည်။ ကဗျာဆရာ နာမည်ကြီး တစ်ယောက်က လူငယ်တွေ ကို ချီးမြောက်သည့် အနေဖြင့် ဒီပွဲကိုတတ်ရောက် မယ်ဆိုတာ အားလုံး သိရှိပြီးဖြစ်သည်။ လေးစားနှစ်သက်လှသည် ဆရာကြီးမို့ အားလုံးက သူကို စောင့်မျှော် နေကြသည်။ ကဗျာဆရာကြီး ရောက်လာသည်။ ကဗျာချစ်သူ လူငယ်တစ်စုကလည်း ဆရာကြီးအား ကဗျာတစ်ပုဒ် လောက် ချီးမြင့်တဲ့ အနေနဲ့ ကဗျာတစ်ပုဒ်လောက် ရွတ်ဖို့ တောင်းဆိုကြသည်။ ဆရာကြီးကလည်း ကဗျာရွတ်ပေးပါမယ် ဟုဆိုကာ ပရိသတ်အလယ် ရောက်ပြီး ချောင်း တစ်ချက် ဟန့်လိုက်သည်။ ဆရာကြီး ကဗျာတစ်ပုဒ်ကို စရွတ်လေ သည်။ ဆရာၾကီး ကဗ်ာကား နင္လား ဟဲ့ ဟမ္ဘာဂါ နင္လား ဟဲ့ ဟမ္ဘာဂါ နင္လား…

Rate this:

ကျွန်တော်၏ ပေါင်းသင်းအပ်သော လူမိုက်များ နှင့် မပေါင်းသင်းအပ်သော လူလိမ္မာများ

ဘုရားရှင်ဟောသော မင်္ဂလာသုတ်မှာ အာသေ၀ါနစ ဗာလာနံ (လူမိုက်ကို မပေါင်းနဲ့)၊ လူမိုက် ပဏ္ဍိတာနဉ္စ သေ၀နာ(ပညာရှိ လူလိမ္မာကိုပေါင်းပါ)  လို့ ဟောထား လျက်နဲ့ မောင်ဥဂ္ဂါ ဆိုတဲ့ ငချွတ်က ဘာကြောင့် ပေါင်းသင်းအပ်သော လို့ ပြောတာလဲ ဆိုပြီး အပြစ်တင် မစောပါနဲ့ ဗျာ။ အခုခေတ်ကြီးက ပညာရှိ လူလိမ္မာဆိုသူတွေ က ဗလာနံဖြစ်နေပြီး လူမိုက်တွေက ပဏ္ဍိတ ဖြစ်နေတတ်လို့ပါ။ ပေါင်းသင်းအပ်သော လူမိုက်များ (ငါးကြော်မကြိုက်သော ကြောက်မိုက် များ) လူတွေက က လူမိုက်လို့ ပြောတဲ့ သူတော်တော်များများဟာ ကျွန်တော် အပေါင်းအသင်းတွေပါ။ ကျွန်တော် ပေါင်းတဲ့ လူမိုက်တွေ က ဗလာနံမဟုတ်တဲ့ လူမိုက်တွေ ပါ။ တိုင်းပြည်အတွက် လိုအပ်တဲ့ လူမိုက်တွေပါ။ ဒီအသုံးအနှုန်းလေးကို…

Rate this:

ဝိရောဓိအတွေးစဉ်များ

ပြကွက်(၁) မနေ့က MRTV- 4 တွင် အစီအစဉ်တစ်ခု ကြည့်လိုက်ရသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း အကြောင်း ပြသနေသည်။ သင်တန်းသား သင်တန်းသူ ကလေးတွေ ကို တစ်ယောက်ပြီးတစ်ယောက် အင်တာဗျူးသည်။ ဘာတွေ ဗျူးလဲဆိုတော့ ဘုရားဂုဏ်တော်၊တရားဂုဏ်တော်၊သံဃာဂုဏ်တော်တွေ၊ ဖွားဘက်တော် ၇ ပါး သစ္စာ မဂ္ဂင် စတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ သိသင့်သိထိုက်တဲ့ အချက်တွေ ကို သင်တန်းသူ လေးတွေ က ပြန်ဖြေနေတာကို တွေမိသည်။ သင်တန်းသူလေးတွေ ပြန်ဖြေတဲ့  ပုံစံက လက်လေးပိုက် ခေါင်းလေးငုံ့ပြီး MRTV- 4 က အင်တာဗျူးတဲ့ သူကို သူ့ကျောင်းက ဆရာမကို စာပြန်ရွတ်သလို တလစက် ထောက်ထောက်နဲ့ ရွတ်သွား နေသည်။ ထိုသင်တန်းကို ကျွန်တော် မချီးကျူးမိပါ။ ပြကွက်…

Rate this:

Sustainable Dependency

ကျွန်တော်ရဲဘော် အောင်အောင်ရေးထားတာ ပါ တွေးစရာများ ရမလားလို့   ကျွန်တော် Alternative Mainstream ဆိုတဲ့စကားလုံးကို အသုံးပြုတော့ ကျွန်တော့်ကို ဥဂ္ဂါက ခွေးကောင် မင်း တော်တော် ပေါက်တတ်ကရစကားလုံးတွေထွင်တဲ့ကောင်ဆိုပြီးဆဲပါတယ်။ ဒီတစ်ခါလည်း ကျွန်တော့်ကို ထပ် ဆဲဦးမယ်ထင်ပါတယ်။ ကျွန်တော် နောက်ထပ်စကားလုံးတစ်လုံးထွင်လိုက်ပြန်ပြီလေ။ အဲဒါကဘာလဲဆိုတော့ Sustainable Dependency တဲ့ ရေရှည်တည်တံ့သော မှီခိုခြင်းလေ။ ကျွန်တော်တို့ဖွံ့ဖြိုးရေးလောကမှာ အရမ်း လူသုံးများကြတယ်မဟုတ်လား၊ ရေရှည်တည်တံ့သောဖွံ့ဖြိုးရေးတို့၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးတို့။ ကျွန် တော်ကလည်း အားကျမခံတီထွင်လိုက်တာလေ။ ကျွန်တော့်ကိုတော့ တော်တော်များများ ဝိုင်းဆဲကြမှာတော့ အသေအချာပါပဲ။ ကျွန်တော်တို့ ဖွံ့ဖြိုးရေးလုပ်တဲ့သူတွေဟာ ကိုယ်လုပ်ဆောင်တဲ့၊ ကိုယ်တာဝန်ထမ်းဆောင်တဲ့ရပ်ကျေးလူထုက ကိုယ်တိုင်ရပ်တည်နိုင်ပြီး သူတို့ဒေသဖွံ့ဖြိုးရေးကို သူတို့ကိုယ်တိုင်လုပ်ဆောင်သွားနိုင်ကြရေးကို ဦးတည် ဆောင်ရွက်ကြတာ တွေ့ရပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဦးနှင့်တစ်ဦး၊…

Rate this:

ကျွန်တော်ကြိုက်တဲ့ သူတို့ ၀တ္ထူများ

ကျွန်တော်က ၀တ္တူတိုနဲ့ ၀တ္တူရှည်ဆိုရင် ကျွန်တော်က အတိုကို ပိုကြိုက်တယ် အရမ်းကြိုက်တဲ့ ဝတ္တုတို ဆိုရင် သူငယ်ချင်းတွေကို ပြောပြပြီး စမြုံပြန်ရတာ အရသာအတော်ရှိသဗျ အခုလည်း ဆရာမောင်လွင်မွန်(ကသာ)ရဲ့ လည်တော့လည်ပါရဲ့ ဒါပေမယ့် သံပတ်နဲ့ လှည့်တဲ့ပန်ကာ ဆိုတဲ့ ၀တ္တူတိုလေးကို ပြန်လည်ဖောက်သည် ချလိုက် ပါတယ်။ လည်တော့လည်ပါရဲ့ ဒါပေမယ့် သံပတ်နဲ့ လှည့်တဲ့ပန်ကာ ကျွန်တော်ငယ်ငယ်က ပုံပြင်အလွန်ကြိုက်သည်။ အဘွားက လည်း ပုံပြောကောင်းလှသူ။ တချို့ဟာတွေက တော ပုံ့ပြင်တွေမဟုတ်ဘဲ ဘွားဘွားက သူကြုံတွေမြင်ဖူး သမျှထဲက ပြန်ဖောက်သည်ချတာ ဖြစ်သည်။ ဒါပေမယ့် ဒီထဲကက ပုံပြင်လို နားထောင်ကောင်းတာမျိုးကျ ကျွန်တော်က ပုံပြင်အဖြစ်စွဲနေသည်။ ဒီလိုမျိုးထဲက တစ်ခုက သံပတ်နဲ့လှည့်တဲ့ပန်ကာ……….။ တကယ်တော့ ဒီဇာတ်လမ်းက ဘွားဘွားသူငယ်ချင်း ဒေါ်နန်းလုံးပိုင်ရဲ့ ဇာတ်…

Rate this: