ကချင်ပြည်နယ်သွား တောလား-၃

5/10/2010

ဒီနေတော့ မြန်မာနိုင်ငံ ခရစ်ယာန်အသင်တော်များ ကောင်စီ(MCC) ရဲ့ မြို့ပြကျေးလက် သာသနာပြု လုပ်ငန်း(URM)က လုပ်နေတဲ့ နွားဘဏ်နဲ့ ပျိုးခြံတွေ ကို သွားလေ့လာကြတယ်။ နွားဘဏ်ဆိုတာ နွားမရှိနွမ်းပါးတဲ့ တောင်သူ လယ်သမားတွေ အတွက် အကူညီပေးနေတဲ့ အစီစဉ်လေးတစ်ခုပေါ့။ နွားဘဏ်ရဲ့ အဓိက ဆောင်ရွက်တာက ဇီးတင်လို့ ရတဲ့ နွားမတွေ ကို တကယ်နွားမရှိ နွမ်းပါးတဲ့ နွားတကယ်မွေးချင်စိတ် ရှိတဲ့ တောင်သူရဲ့ အိမ်ထောင်စုကို နွားမတစ်ကောင် ပေးမွေးတယ်။ အဲဒီနွားမကို ဇီးတင်ပြီး သားကျတယ်။ နွားပေါက်လေး နို့ပြတ်တဲ့ အချိန်ကြရင် နွားမကို အခြား နွမ်းပါးတဲ့ တောင်သူအိမ်ကို ပြန်ပို့ ရတယ်။နွားပေါက် ကို ပထမအိမ်က ပိုင်သွားပြီ။ နွားပေါက်လို့ နွားထီးဆိုရင် ငွေ နှစ်သောင်း၊နွားမဆိုရင် တစ်သောင်းခွဲ ကျေးရွာဖွံဖြိုးရေးကော်မတီ ကို ရံပုံငွေ အဖြစ် ပေးရတယ်။ ဖွံဖြိုးရေးကော်မတီ က နွားတွေ ရဲ့  ကာကွယ်ဆေး၊ ကျန်းမာရေး အပြင် နွားဘယ်လို မွေးမြူသင့်တယ်ဆိုတဲ့ အသိပညာတွေ မျှဝေပေးတယ်။ တိရစ္ဆာန်ဆေးကု ဆရာဝန် မဟုတ်ပေမဲ့ တော်ရုံတန်ရုံ နွားရောဂါလောက် ကိုတော့ ဖွံဖြိုးရေး ကော်မတီက တိရစ္ဆာန်ဆေးကု လုပ်သားတွေ က ကုတတ်တယ်။ ရောဂါ နဲနဲ ဆိုးရင်တော့ တိ-ကုဆရာဝန်ဆီ ပြရတာပေါ့။

ဒီလို စနစ်လေးနဲ့ နွားမွေးမြူ ကြတာ အခုဆို အိမ်ထောင်စု ၂၀ လောက် နွားပိုင်ပြီ။ နောက် URM က လုပ်ငန်စစချင်းပဲ ထောက်ပံငွေပေးတာ နောက်ပိုင်း ကိုယ်မှာသာကိုယ် ကိုယ်အားကိုယ်ကိုး ပြီး ရပ်တည်နိုင်နေပြီ။

နောက် ပျိုးခြံ လုပ်တာတွေ ကိုသွားကြည်ကြတယ်။ အခု ၃၊၄  နှစ်အတွင်း ကချင်ပြည်နယ်မှာ သစ်မွှေးနာမည်ကြီး နေတာ အရင် က သစ်မွှေးကို တောထဲမှာ သဘာဝအတိုင်းပေါက်ပေမဲ့ အခုဆို လူတွေ စိုက်ပျိုးလို့ ရပြီတဲ့။ တရုတ်ပြည်က လည်း သစ်မွှေးကို ဈေးကောင်းပေးဝယ်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံတွေ ကို ပြန်တင်ပို့သတဲ့။ အခု ကချင်ပြည်နယ်က စိုက်တဲ့ သစ်မွှေးတွေ က အဆီထုတ်ရောင်းနိုင်တဲ့ အဆင့် သိပ်မရောက် သေးပေမဲ့ ပျိုးပင်ထုတ်ပြီး ရောင်းတာနဲ့ ကို အတော်မြတ်တယ်။ ကျေးရွာထဲ က အိမ်ထောင်စုတွေ က ဘုရားကျောင်းဝင်းထဲမှာ ပျိုးခြံလုပ် ရွာသူရွားသားတွေ က အလှည့်ကျ တာဝန်ယူကြတယ်။ သစ်မွှေးစိုက်လို့ မြတ် မမြတ် မသိပေမဲ့။ ပျိုးခြံကို ကျေးရွာလူထု အင်အားနဲ့ စည်းစည်း လုံးလုံး နဲ့ အတူတကွ အလုပ်လုပ်နေတာ တွေတော့ မုဒိတာ ပွားမိပါသေးတယ်။

သစ်မွှေး ခေတ်ထသလို ဆီအုန်း၊ရာဘာ၊ကော်ဖီ၊ကြက်ဆူဆိုတာ တွေလည်း ခေတ်ထဖူးတယ်။ ဆီးအုန်ခေတ်က မွန်ကရင် တနသာင်္ရီ ဘက်မှာ အကုန် ဆီအုန်းပင်တွေ ချဉ်းပဲ ပြီးတော့ စားသုံးဆီးလည်း ဈေးမကျတဲ့ အပြင် သူများနိုင်ငံကတောင် ၀ယ်သုံးနေရတယ်။ရာဘာလည်း ဒီလိုပဲ အခုအသက်ရွယ်အထိ မြန်မာလုပ် ကြက်ပေါင်ဖိနပ် ကျွန်တော်မစီးဖူးဘူး။ ကော်ဖီတို့ ကြက်ဆူတို့ လည်း အားလုံးသိတဲ့အတိုင်းပဲ မပြောတော့ဘူး။ ဒါဘာဖြစ်လို့လဲ ဘာကြောင့်လဲ စဉ်းစားကြည့်တော့ အချက် ၃ ခုလောက် သွားတွေတယ်။

ပထမအချက်ကကတော့ ဘောဂဗေဒအမြင်ပါ ခေတ်ထတော့ ဇွတ်စိုက်ကြ ပျိုးကြတယ် ထုတ်ကုန်တွေ ပမာဏ က ဈေးကွက်က ၀ယ်လိုအားထက် များသွားကော ထုံးစံအတိုင်း ရောင်းလိုအားများပြီး ၀ယ်လိုအားနည်းသွားမယ် ကုန်ပစ္စည်းပိုလျံတာတွေ ဖြစ်ပြီး ဈေးထိုးကျတယ်။ ဒါကြောင့် နောက် ပိုင်း ခေတ်ထနေတဲ့ ဟော့နေတဲ့ အပင်တွေ ထုတ်ကုန်တွေ ကို ရေလိုက်လွဲပြီး မှန်းချက်နဲ့ နှမ်းထွက် မကိုက်ကြတာပေါ့။

ဒုတိယ  နိုင်ငံရေးနဲ့ နဲနဲ ဆိုင်မယ် အခုသစ်မွှေးဆိုကြည့် တရုတ်က ၀ယ်တယ်။ အခြားဝယ်လက်မရှိဘူး အခုဈေးကောင်းပေးနေပေမဲ့ နောက် ဈေးကောင်းပေးချင်မှပေးမှာ ၀ယ်တဲ့ သူ လက်တဆုတ်စာက ဈေးနှုန်းကို ကစားလို့ ရတယ်။ ၀ယ်တဲ့ သူတွေ က ကျွန်တော်တို့ ဆီက ကုန်ကြမ်း ၀ယ်ပြီး နည်းပညာပေါင်းစပ်ပြီး ရောင်းတော့ ဈေးပိုရတယ်။ ခေတ်ထလို့ စိုက်တဲ့ သူတွေ ကစိုက် ငွေ အရင်းတွေ မြုပ် နောက်ပိုင်း ၀ယ်တဲ့သူ အစုအဖွဲ့ က အချင်းချင်းပေါင်းပြီး ဈေးကို လိုသလိုလုပ်ခွင့်ပေးထားသလို့ ဖြစ်နေမှာပဲ လို့ တွေးမိတယ်။

နောက်ဆုံးအချက်က R&D ပေါ့  ဘိုလိုပြောရင် Research and Development သုတေသနနဲ့ ဖွံဖြိုးရေး လုပ်ငန်းတွေ ကျွန်တော်တို့ တိုင်းပြည်မှာ အလွန်အားနည်းပါတယ်။ သုတေသနလို့ ပြောရင် တက္ကသိုလ်က စကော်လာ တွေ ကိုပဲ သွားသွား ပြေးမြင်ကြတယ်။ ကျွန်တော် MMRD မှာ အလုပ်လုပ်တုန်းက တိ-ကု က ဆရာကြီး ဒေါက်တာ သံတိုင် ကျွန်တော်ကို စကားတစ်ခွန်းပြောဖူးတာ သွားမမှတ်ရမိတယ် “ဟေ့ကောင် ဥဂ္ဂါ ရ ငါတို့ လူမျိုးက မှတ်တမ်းမှတ်ရာ မှတ်ရတာ အလွန်ပျင်းကြတယ် မီးဖိုချောင်အမြဲဝင်တဲ့ အိမ်ထောင်ရှင်မ တစ်ယောက်ဟာ ၁၀ နှစ်စာ အိမ်မှာ မီးဖိုးချောင်အတွက် ၀ယ်ချမ်းရတဲ့ ပစ္စည်းတွေ ကို စာရင်းမှတ်ထားမယ်ဆိုရင် ဒီ အိမ်ရှင်မကို ဘောဂဗေဒ အတွေးနဲနဲ ထည့်ပေးပြီး ငွေဖောင်းပွမှု နဲ့ ပတ်သတ်တဲ့ စာတမ်းတစ်စောင် လောက် ရေးလို့ရတယ် ”လို့ ပြောဖူးတယ်။ နောက် ဆရာအော်ပီကျယ် ကလည်း ဒေတာ အရေးကြီးတယ်လို့ ပြောဖူးတယ်။ ဆရာကြီးတွေ အရင်က ပြောတွေ ကို ဥာဏ်တိမ်တဲ့ ကျွန်တော် နလပိန်းတုံး ကောင်က နားမလည်ခဲ့ပါ။ ကျွန်တော်တို့ တစ်ခုခု လုပ်ဖို့ အများကြီး သိထားရပါမယ် ဘက်စုံထောင့်စုံ က သိထား ရပါမယ် မသိရင်တော့ မသိပဲ ဇွတ်လုပ်ရင်တော့ တွေလာမဲ့ အခက်အခဲ ကို ကြိုတင် မစဉ်းစားထားတဲ့ အတွက် ပေးရတာ များပါနိုင်တယ်လို့စဉ်းစားမိတယ်။ စဉ်းစားမိတာတွေ ကိုတော့ ပျိုးခြံက သူတွေ ကို ကျွန်တော်မပြောမိလိုက် ပါ။ ဒီအချိန်မှာ မြတ်တာ ရှုံးတာထက် သူတို့ စည်းရုံးမှုတွေ စိတ်အားထက်သန်မှုတွေ ကိုယ်ရပ်ရွာကို ဖွံဖြိုးချင်စိတ်တွေ ကို ကျွန်တော် ရဲ့ အတွေးတွေ က ဖျက်ဆီးပစ် မှာကို ကျွန်တော်မလိုလား။

ပျိုးခြံကအပြန် ကလိန်နော် ကနေ မြစ်မင်းဧရာဝတီရဲ့ အလှအပကို ခံစားမိသည်။ ဧရာဝတီက အပျိုရည်ပျက်သွား ပေမဲ့ လှနေတုန်းပဲ။

ဆက်မရေးနိုင်တော့ပါ

Leave a comment