ရိုးရှင်းလှပငြိမ်းချမ်းသောဘဝ

တောင်တန်းပြာပြာလေးတွေကိုနောက်ခံထားထားပြီးလှချင်တိုင်းလှပနေတဲ.ထိုင်းနိုင်ငံချင်းမိုင်မြို.လေးကနေ တစ်နာရီကျော်ကျော်လောက်ကားလေးမောင်းပြီးတောင်ကုန်းပေါ်က မန်ကျည်းတောအုပ်သေးသေးလေးကိုဖြတ်သန်ကာလှပသေသပ်ပြီးချစ်စရာကောင်းတဲ.ရွှံအိမ်လေးများရှိရာခြံကလေးဆီသို.ကျွန်မတို.ရောက်လာကြတယ်။ ခြံထဲ ကိုဝင်လိုက်တာနဲ.ရင်ထဲအေးပြီး အမောအပန်းတွေဘယ်ပျောက်သွားလဲ မသိတော့ပါဘူး။ပထမဆုံးတွေတဲ့ ရွှံအိမ်လေးထဲ မှာခဏနားနေတုန်းမှာပဲ အင်္ကျီနွမ်းနွမ်းဝတ်ထားတဲ့ ထိုင်းအမျိုးသားကြီးတစ်ယောက်ဟာ လတ်ဆတ်တဲ့ အပြုံးကိုဆင်ယင်ပြီး ကျမတို.ဆီ ခပ်ခပ်သွက်သွက်လျှောက်လာခဲ့တယ်။ပြီးတော့ ရွှံ့ခုံလေးမှာ သူလွယ်အိပ်ဟောင်းလေးကိုတင်ပြီး ရယ်မောဖော်ရွှေစွာ နှုတ်ဆက်စကားပြောကြတယ်။နောက်တောင်ကုန်း လေးပေါ်က သူ့အိမ်လေးဆီသွားဖို.ဖိတ်ခေါ်တယ်။ မနေ့ကထဲက ဒီ ဖန်ဖန်ဆိုတဲ့ ခြံလေးအကြောင်းစကြာြးဲပီး သွားရမယ်ဆိုကတည်းက စိတ်ဝင်စားနေတာ အခုတော့တကယ်ဆုတောင်းပြည်.သွားတာပေါ။့ဒီခြံကလေးက တကယ်ကိုအေးချမ်းပြီး စိတ်ချမ်းမြေ.စရာနေရာ လေးတစ်ခုပါ။ အိမ်ရှင်ခေါ်လာလမ်းအတိုင်းတောင်းကုန်းလေးပေါ်တတ်လာရင်း ဘေးဘီကိုကြည်တော့ သီးပင်စားပင်တွေခြံရံ ခြံရံထားပြီး ချစ်စရာကောင်းလှတဲ့ နေချင်စရာရွှံ.အိမ်လေးတွေ ကိုကျမတို.အဖွဲ.ကလူတွေက ဓာတ်ပုံ           တဖျတ်ဖျတ်နဲ့ အိမ်သာပါမကျန် အားရပါရကို မှတ်တမ်းတင်ကြတာပေါ့။ကျမနဲ့အတူပါလာတဲ့ ဆရာမတစ် ယောက်ရဲ. ၄နှစ်အရွယ်မြေးမလေးက “အဘွားဘာလို.အိမ်လေးတွေကဒီလောက်လှနေတာလဲ”မေးလိုက်တော့ အိမ်ရှင်အဖိုးကြီးရဲ.မျက်နှာကပီတီအပြုံးတွေဖြာလိုပေါ့။ နောက်အိမ်လေးဆီရောက်တော့ ဒီခြံလေးအကြောင်းနဲ့သူရဲ့ဘ၀အကြောင်းတွေကို ကျမတို.ကိုပြောပြလို. စိတ်ဝင်စားဖို.ကောင်းတဲ့ ဒီဖန်ဖန်ခြံလေးနဲ. ဦးလေးကြီးအကြောင်း…

Rate this: